News details

ဖျားရင်ရေချိုးလို့ virus ကအဆုတ်ကိုရောက်ပြီး pneumonia ဝင်တယ်ဆိုတာမဟုတ်ရပါဘူး

Jul 23, 2021

ဖျားရင်ရေချိုးလို့ virus ကအဆုတ်ကိုရောက်ပြီး pneumonia ဝင်တယ်ဆိုတာမဟုတ်ရပါဘူး

Covid ကြောင့်အဆုတ်ထိခိုက်ရတယ်ဆိုတာ Covid virus ကစဝင်ကတည်းက အသက်ရှူလမ်းကြောင်းကနေတစ်ဆင့်ဝင်ရောက်ပြီး အဆုတ်ကိုသွားတိုက်ခိုက်တဲ့အတွက် viral pneumonia ဖြစ်စေပါတယ် အရမ်းမပြင်းထန်တဲ့သူတွေမှာ pneumonia လက္ခဏာဟာမသိသာဘဲ ဖျားတာ အနံ့ပျောက်တာတွေနဲ့ပြီးသွားပေမယ့် ပြင်းထန်တဲ့သူတွေမှာတော့ မောတာ oxygen ကျတာကိုခံစားကြရပါတယ် အဲ့လိုခံစားရခြင်းကလည်းရောဂါပြင်းထန်မှုကြောင့်သာဖြစ်ပြီး ရေချိုးလိုက်မှ virus ကအဆုတ်ကိုရောက်သွားတာမျိုးမဟုတ်ပဲ Covid virus ရဲ့သဘောကိုက အဆုတ်ကိုထိခိုက်စေလို့ oxygen ကျစေတာပဲဖြစ်ပါတယ် Covid သက်သာလာစဉ်မှာ Secondary bacterial infection ကြောင့် pneumonia ပိုဆိုးလာပြီးရောဂါပိုပြင်းထန်လာတာမျိုးလည်းဖြစ်တတ်ပါတယ် ဒါသည်လည်းရေချိုးလို့မဟုတ်ပဲ virus ဝင်ပြီးမှ Bacteria ကပါထပ်ဝင်ပြီးအဆုတ်ရောင်ခြင်းကိုပိုဆိုးလာစေတာကြာင့်ပဲဖြစ်ပါတယ် ဒါတောင်လူတိုင်း Secondary Bacterial Infection ဝင်တတ်တာတော့မဟုတ်ပါဘူး ဆေးရုံမှာလူနာတွေအဖျားကြီးရင်ကိုယ်ကအပူတွေလျော့အောင် tepid sponging (ရေပတ်တိုက်) ပေးလေ့ရှိပါတယ် ဒါကြောင့်ဖျားနေတဲ့အခါမှာလည်း ရေနွေးလေးနဲ့ဖြစ်ဖြစ်ရေချိုးပေးလို့ရပါတယ် လူကောင်းလိုတော့ရေစိမ်ပြီးအကြာကြီးချိုးလို့တော့ဘယ်ဖြစ်ပါ့မလဲ Oxygen ပိုက်ဖြုတ်လိုက်တာနဲ့ oxygen ထိုးကျနေတဲ့လူနာ၊ Oxygen မပါပဲမနေနိုင်တဲ့လူနာ၊ လှုပ်လှုပ်ရှားရှားလုပ်တာနဲ့ Oxygen ကျသွားစေနိုင်တဲ့လူနာ ဆိုရင်တော့ ခေတ္တ oxygen ဖြုတ်လိုက်တာနဲ့တင်အန္တရာယ်ရှိတဲ့အတွက် ကုတင်ပေါ်ကဆင်းဖို့တောင်အားမပေးတာကြောင့် တကူးတကရေသွားချိုးဖို့မသင့်ပါဘူး သို့သော်ကုတင်ပေါ်မှာဘဲ oxygen တပ်လျက် ရေပတ်လေးတိုက်ပေး တစ်ကိုယ်ရေသန့်ရှင်းရေးလေးလုပ်ပေးနိုင်ပါတယ် အမြန်ဆုံးနေကောင်းကျန်းမာကြပါစေ

Credit to - https://www.facebook.com/poemamhe.thar.5
Original Post - https://www.facebook.com/story.php?story_fbid=6501459909871560&id=100000228479391